Guided — supported, step-by-step, never alone

ဒီ Online Training တွေကို တက်ဖို့ ဘာတွေ သိထားဖို့လိုလဲ?

ဒီ Training တွေက Beginner အဆင့်ကနေ စပြီး အခြေခံကို နားလည်အောင် သင်ကြားပေးတာဖြစ်လို့ အရင်က အတွေ့အကြုံ မရှိသေးလည်း စတင်တက်လို့ရပါတယ်။ Computer ကို အခြေခံအသုံးပြုတတ်ပြီး လေ့လာလိုစိတ်၊ တိုးတက်ချင်စိတ် ရှိရုံနဲ့ လုံလောက်ပါတယ်။

ဘယ်လိုပုံစံနဲ့ သင်ကြားပေးတာလဲ?

Training အားလုံးကို Online (Zoom Live) ဖြင့် သင်ကြားပေးပြီး Instructor နဲ့ တိုက်ရိုက် အပြန်အလှန် မေးမြန်းနိုင်အောင် လမ်းညွှန်ပေးသွားပါတယ်။ သဘောတရားနားလည်မှုကို အဓိကထားပြီး လက်တွေ့အသုံးချနိုင်အောင် အတွေ့အကြုံအခြေခံပြီး သင်ကြားပေးတာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာကမဆို တက်လို့ရပါသလား?

Online Training ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်းသာမက ပြည်ပမှာရှိတဲ့သူတွေပါ မည်သည့်နေရာမဆို ပါဝင်လေ့လာနိုင်ပါတယ်။ မိမိအိမ်မှာပဲ နေရင်း သင်ကြားနိုင်အောင် စီစဉ်ထားပါတယ်။

Training ပြီးသွားရင် Certificate ပေးပါသလား?

Training ကို စနစ်တကျ တက်ရောက်ပြီး သတ်မှတ်ထားတဲ့ Project / Assignment များကို ပြီးစီးအောင် ဆောင်ရွက်ထားတဲ့ သင်တန်းသားတွေကို Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။